တောင်ကိုးရီးယားနိုင်ငံတွင် ကက်သလစ်ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာသူများပြားလားဟု

59-b
တောင်ကိုးရီးယားနိုင်ငံရှိကက်သလစ်သာသနာတော်သည် ကိုးရီးယားပြည်သူများအတွက်နီးကပ်စွာ ရပ်တည်ပေးခြင်းကြောင့် များစွာသောဘာသာပများသည် ကက်သလစ်ခရစ်ယာန်ဘာသာသို့ ကူးပြောင်း လာကြခြင်းဖြစ်သည်ဟု ဗာတီကန်က တရားမျှတခြင်းနှင့် ငြိမ်းချမ်းကော်မရှင်အတွင်းဝန်၊ ဆလေးရှင်း ဆရာတော်ကြီး မာရီယိုအို တိုဆိုက မိန့်ကြားတော်မူလိုက်သည်။ ဆရာတော်ကြီး မာရီယိုအို တိုဆိုသည် ရဟန်းမင်းကြီး၏ စာချွန်တော်ဖြစ်သော ဧဝံဂေလိတရားတော်၏ ဝမ်းမြောက်ခြင်း”” ဟူသောစာချွန်တော် ကို သင်ကြား ပေးရန်အတွက် တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်သို့ ဇူလိုင်လ ၂၁-၂၆ ရက်နေ့အထိ သွားရောက်ခဲ့သည်။

ဆရာတော်ကြီး မာရီယိုအို တိုဆိုက ““ကျွန်တော်တွေ့ခဲ့တာက ကိုးရီးယားကက်သလစ် ဘာသာဝင်တွေနဲ့ ဆရာတော်ရဟန်းတော်တွေဟာ ဆင်းရဲသားတွေနဲ့အတိဒုက္ခရောက်တဲ့သူတွေကို အနီးကပ်ကူညီပေးနေ ကြတာရယ်၊ ရဟန်းတွေဆိုရင် လူမှုဘဝကြောင့် အတိဒုက္ခရောက်နေ တဲ့သူတွေရဲ့ဝေဒနာကို မျှဝေခံစားပေးနေကြတာပါပဲ။ ကိုးရီးယားနိုင်ငံက ရဟန်းတွေက ရဟန်းမင်းကြီးဖရန်စစ် မိန့်ကြားသလို မိမိတို့သိုးတွေရဲ့အနံ့ကို ရှုပ်ပေးကြတဲ့စံပြရဟန်းတွေ ဖြစ်ကြပါ တယ်၊ တောင်ကိုးရီးယားနိုင်ငံရှိ ကက်သ လစ်ဘာသာဝင်တွေဟာ ဆင်းရဲသား တွေရဲ့ မှီခိုရာ ဖြစ်ကြပါတယ်”” ဟု ပြန်လည်မိန့်ကြားတော်မူသည်။ တောင်ကိုးရီးယားနိုင်ငံရှိကက်သလစ်ခရစ်ယာန် ဘာသာဝင်များသည် နိုင်ငံလူဦးရေ၏ ၁၂ % ခန့် ရှိကြသောလူနည်းစုများဖြစ်ကြသော်လည်း ကိုးရီးယားလွှတ်တော်ထဲတွင် ကက်သလစ်ခရစ် ယာန်ဘာသာဝင် လွှတ်တော်အမတ်ပေါင်း ၃၀ ကျော်ရှိနေသည်ဟု သိရသည်။

ဆက်လက်ပြီး ဆရာတော်ကြီးက ““ကျွန်တော် သင်ကြားတဲ့အချိန်မှာ ဘုရားမဲ့သူတွေလည်း လာတက်ကြ တယ်။ ဘုရားမဲ့သူ တွေပြောတာ ကတော့ ကိုယ်တော်မြတ်ပင့်ယူခါနီး ဆိုရသော မေတ္တာ ဖြစ်တဲ့ ကိုယ်တော်တစ်ခွန်းမျှသာ အမိန့်တော်ရှိလျှင် ကျွန်ုပ်၏ ဝိညာဉ်သည် သန့်ရှင်းစင်ကြယ်ပါလိမ့်မယ်”” ဆိုတဲ့မေတ္တာက သူတို့ဘဝကို အတော်ထိတယ်လို့ ကျွန်တော့်ကို ပြောပြကြပါတယ်။ ဒါကိုကြည့်ရင် ဘုရားမဲ့သူတွေလည်း အသင်းတော်ကို လိုက်ရှာနေကြတယ်၊ အသင်းတော်က လည်း ပြည်သူတွေနဲ့အနီး ကပ်အသက်ရှင်နေတယ်။ ဒါကြောင့်မို့ ကိုးရီးယားလူမျိုးတွေဟာ ကက်သလစ်သာသနာတော်ဖက်ကို အများကြီးပြောင်းလဲလာခဲ့ကြခြင်း ဖြစ်တယ်”” ဟု ပြန်ပြောပြတော်မူသည်။ ၀၀၉ ဂျိုးဇက်

1716  Views
Previous: ကုလသမဂ္ဂဆိုင်ရာ ဗာတီကန်သံအမတ်ကြီးအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဆရာတော်ကြီး ဘေနာဒိတို အိုဇာအား ရဟန်းမင်းကြီးက ခန့်အပ်တော်မူ
Next: သြဂုတ်လကာတွန်း