အယ်ဒီတာ့အာဘော် (တူးတူးပုန်းကစားနေသော မြန်မာ့နိုင်ငံရေး)

67-b

အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံ၏ပေါက်စဒီမိုကရေစီသည် မပေါက်ခင်ကတည်းကပင် တူးတူးပုန်းကစားလာခဲ့ရာ ယခုဆိုလျှင် ၅ နှစ်ထဲကို ဝင်လာပြီ။ ၎င်းတူးတူးပုန်းကစားကွက်ကို စစ်အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့ကြရာ ယနေ့ဒီ မိုကရေစီအစိုးရ၊ ဒီမိုကရေစီရွေး ကောက်ပွဲ ကော်မရှင်၊ ဒီမိုကရေစီတပ်မတော်၊ ဒီမိုကရေစီနိုင်ငံရေးပါတီ များ၊ ဒီမိုကရေစီလွှတ်တော်နှင့်ဒီမိုကရေစီ တရားစီရင်ရေး မဏ္ဍိုင်များတွင်ပါ ဆက်လက်ကစားနေကြ ဆဲ ဖြစ်သည်။

ဦးသိန်းစိန်အစိုးရက ၂၀၀၈ ခုနှစ်အခြေခံဥပဒေသည် မြန်မာ့ဒီမိုကရေစီစနစ်၏ လမ်းပြမြေပုံဖြစ်သည်ဟု တဖွားဖွားပြောနေသည်။သို့သော် စစ်အစိုးရရေးဆွဲခဲ့သော ၎င်းအခြေခံဥပဒေတွင် ဒီမိုကရေစီရှင်သန်မှု အားပေးသော်လည်း စစ်တပ်၏မြန်မာ့နိုင်ငံရေးအပေါ် သြဇာကြီးထွား လာရေးကိုပါ မီးလောင်ရာလေပင့် ဆိုသလို ဖန်တီးပေးပြန်သည်။ လွှတ်တော်တွင်လည်း ပြည်သူလူထုမရွေး ကောက်သော စစ်တပ်ကိုယ်စား လှယ်များက၂၅% သော အာဏာကို ရယူထားသည်။ ၎င်းအချက်ကိုက၊ တိုင်းပြည်၏ အနာဂါတ်အရေး ဆုံးဖြတ်ချက်သည် စစ်တပ်လက်ထဲတွင် ရှိနေသည်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။ တဖန်စစ်တပ်မှ အငြိမ်းစားယူသော စစ်ဗိုလ်ချုပ်များသည်လည်း အစိုးရဝန်ကြီးဌာနမှာ ပြန်လည်ခန့်အပ်ခြင်း ခံရသည်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် လွှတ်တော်ကစတင်အကေင် အထည်ဖော်သော် လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသည့် ပုဒ်မကိုမူ မပြင်ဆင်ရန် လှုပ်ရှားမှု များ တွေ့နေရသည်။

ဒုတိယအချက်အနေဖြင့်၊ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အမတ်များ မဲဆွယ်စည်းရုံးလုပ်ရာတွင် လည်း သက်ဆိုင်ရာမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းကလွဲပြီး တခြားပါတီဝင်များ မဲဆွယ်စည်းရုံးပေးမှု ကို ကန့်သတ်လာပြန်သည်။ နောက်ဆုံးအနေဖြင့် လွှတ်တော်တွင် အချိုးကျရွေးကောက်ပွဲစနစ်ကို ကျင့်သုံးရန်အတွက် လွှတ်တော်က သဘောတူခဲ့ရာ ၎င်းအချိုးကျစနစ်ကို စတင်လေ့လာနေပြီဟု သိရှိရ သည်။

၎င်းအချက်များကိုသုံးသပ်လျှင် လက်ရှိအစိုးရ၊ လက်ရှိအာဏာရပါတီနှင့် လက်ရှိပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်တို့သည် ၂၀၁၅ ခုနှစ်နိုင်ငံရေးရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါတီ အနိုင်ရနိုင်ခြေကို ကြိုတင်တွက်ချက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များသည် မိမိတို့လုပ်ရပ်များ ၏ ဒီမိုကရေစီနှင့် ဆန့်ကျင်နေခြင်းများကို မမြင်ချင်ဟန်ဆောင်ကာ ၂၀၁၅ ရွေးကောက်ပွဲကို အနိုင်ပြန်ရရှိရေးအတွက် မြန်မာ့နိုင်ငံရေးကို တူးတူးပုန်း ကစားနေကြတော့သည်။ မြန်မာ့နိုင်ငံရေးကို အာဏာရပါတီက စစ်တပ်နှင့်ပူးပေါင်းပြီး တူးတူးပုန်းကစားနေခြင်းသည် စစ်အစိုးရနှင့်လက်ရှိဦးသိန်းစိန် အစိုးရ၊ စစ်တပ်တို့က ပြောဆိုနေသည့် ဒို့တာဝန်အရေးသုံးပါးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်နေကြသော ပြည်သူများကို အမှန်တကယ် ဒီမိုကရေစီစနစ်သို့ ဦးဆောင် ခေါ်ဆောင်သွားလိုလျှင် တူးတူးပုန်းကစားနေသော နိုင်ငံရေးကျင့်စဉ်ကို ချက်ချင်းရပ်တန့်ကြပါရန် သက်ဆိုင်ရာအဖွဲ့ အစည်းများအား တိုက်တွန်းအပ်ပါသည်။ အယ်ဒီတာချပ်

1614  Views
Previous: ဂလိုရီးယားသတင်းဂျာနယ်တိုက်က မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအား အထူးကျေးဇူးတင်ခြင်း
Next: ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ထိုင်းဘုရင်မင်းမြတ် အသိအမှတ်ပြု