ဂျာမနီနိုင်ငံက ပြည်တွင်းစစ်နဲ့ရုရှားနိုင်ငံတို့၏ တိုက်ခိုက်မှုကို ခံနေရသော ယူကရိန်းနိုင်ငံအား ချေးငွေ ယူရို သန်း ၄၀၀ ပေးအပ်

69-b

သြဂုတ်လ ၂၃၊ ကီဖ်၊ ဘီဘီစီ

ဂျာမန်ဝန်ကြီးချုပ်  Angela Merkel ဟာ ယူကရိန်းနိုင်ငံကို သြဂုတ်လ ၂၃ ရက်နေ့က ရောက်ရှိလာပြီး ယူကရိန်းသမ္မတ  Petro Poroshenko နဲ့ ကီဖ် မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ရုရှားယာဉ်တန်းတွေ ယူကရိန်း နိုင်ငံအတွင်း ဝင်ရောက်သွားခဲ့ပြီးတဲ့နောက် ရုရှားနဲ့ ဂျာမန်ဝန်ကြီးချုပ်ဟာ ယူကရိန်းသမ္မတကို မြို့တော် ကီဖ်မှာ တွေ့ဆုံခဲ့ပါတယ်။ ရုရှားယာဉ်တန်းတွေ ယူကရိန်း နိုင်ငံအတွင်း ဝင်ရောက်သွားခဲ့ပြီး တဲ့နောက် ရုရှားနဲ့ ဆက်ဆံရေးတင်းမာနေ တဲ့အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ရောက်သွားတာပါ။

သူမရဲ့ခရီးစဉ်ဟာ ယူကရိန်းနိုင်ငံ တည်တံ့ခိုင်မြဲရေးအတွက် အခက်အခဲ ကြုံနေရချိန် အဆုံးအဖြတ်ပေးရ ချိန်မှာ ရောက်ရှိလာခြင်းဖြစ်တယ်လို့ ဂျာမန်ဝန်ကြီးချုပ်က ကိယက်ဗ်ကို ရောက်ရှိလာစဉ် မှာ ပြောကြား လိုက်ပါတယ်။ဒီပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့လမ်းကြောင်းတခု ရှာဖွေရမယ်လို့လည်း သူကဆိုပါတယ်။ ယူကရိန်းသမ္မတကတော့ သူ့ရဲ့ခရီးစဉ်နဲ့ ဂျမနီနိုင်ငံရဲ့ ထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ခွင့်ပြချက်မရဘဲ ဝင်ရောက်ခဲ့တဲ့ ထရပ်ကား ၂၀၀ ကျော်ပါတဲ့ ရုရှား ထောက်ပံ့ရေး ယာဉ်တန်းဟာ အစောပိုင်းက ရုရှားဘက်ကို ပြန်လည် ဝင်ရောက်သွားပါတယ်။ နောက်ပြီးတော့ ရုရှားနိုင်ငံရဲ့ယာဉ်တန်းတွေဟာ စစ်ပွဲကြောင့်ပိတ်မိနေတဲ့ ယူကရိန်းပြည်သူတွေအတွက် အစားအစာ၊ ရေ နဲ့မီးစက်တွေကို သယ်ဆောင်လာပြီး ထောက်ပံ့ပေးတာဖြစ်တယ်လို့ ရုရှားအစိုးရဖက်က ပြောကြားလိုက် ပါတယ်။

ခွင့်ပြုချက် ရယူမှုမရှိဘဲ ရုရှားယာဉ်တန်းတွေ ယူကရိန်းနိုင်ငံထဲ ဝင်ရောက်သွားတာဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်လိုက်တာဖြစ်တယ်လို့ အမေရိကန် အိမ်ဖြူတော် အရာရှိတွေက သောကြာနေ့မှာ ပြောပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး Ben Rhodes က ယူကရိန်းအရှေ့ပိုင်းက ဒီရုရှားယာဉ်တန်းတွေ ပြန်လည်ထွက်ခွါရမယ်၊ ဒါမှမဟုတ်ရင်တော့ ဒီအကျိုးဆက်ကို ရင်ဆိုရမယ့် အကြောင်း သတိပေးပြောဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အခုလို ယာဉ်တန်းဝင်ရောက်သွားတဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း ပြောပါတယ်။ ဒီလိုလုပ်တာဟာ ဆိုးရွားနေတဲ့ အခြေအနေကို ပိုဆိုးရွားသွားစေနိုင်တယ်လို့  ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ဟာ ဒီရုရှား အကူအညီပေးရေး ပစ္စည်းတွေ တင်ဆောင်ထားတာကို ကြည့်ရှုစစ်ဆေးနေတာဖြစ်ပြီး စစ်ဆေးကြည့်ရှုမှု မပြီးဆုံးခင်မှာ ယာဉ်တန်းဟာ ယူကရိန်းနိုင်ငံရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သွားတာပါ။

ဂျာမန်ဝန်ကြီးချုပ် အဲန်ဂျယ်မာကဲလ်က စစ်ပွဲဒဏ်ခံနေရတဲ့ ယူကရီန်းကို ချေးငွေ ယူရို သန်း ၄၀၀ ချေးပေး လိုက်ပါတယ်။ ၎င်းချေးငွေနဲ့ပတ် သက်ပြီး ယူကရိန်းသမ္မတ  Petro Poroshenko က ဒီချေးငွေတွေကို စစ်ပွဲကြောင့် ပျက်စီးသွားတဲ့အခြေခံအဆောက်အဦးတွေကို တည်ဆောက်တဲ့နေရာမျာ အသုံးပြု မှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ယခုစစ်ပွဲကြောင့် လူပေါင်း ၂၀၀၀ ကျော်သေဆုံးကြရပြီး လူဦးရေ ၃၀၀၀၀၀ ကျော်မှာ မိမိတို့နေအိမ်မှထွက်ပြေးနေကြရသည်။

1492  Views
Previous: ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ထိုင်းဘုရင်မင်းမြတ် အသိအမှတ်ပြု
Next: ကက်သလစ်ဆရာတော်တွေနဲ့ ရဟန်းတော်တွေမဟုတ်တာလုပ်ရင် တိုင်ကြားလို့ရတယ်လို့မြွက်ကြားတော်မူသော ဆရာတော်ကြီးချားလ်စ်ဘိုနှင့်မေးမြန်းခန်း