အမေရိကန်တွင် ကာကွယ်ဆေးထိုးပြီးသူများ နှာခေါင်းစည်း ဖြုတ်နိုင်ပြီ

အမေရိကန် ရောဂါပိုးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ CDC က ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးထားပြီးသူမျာအတွက်း နှာခေါင်းစည်းတပ်ဆင်ရေး စည်းကမ်းများကို လျှော့ပေါ့ပေးလိုက်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ကာကွယ်ဆေး အပြည့်ထိုးထားပြီးသူများအဖို့ ပြင်ပရှိ လူအများကြားထဲနှင့် အခန်းတွင်း နေထိုင်မှုများ၌ နှာခေါင်းစည်း အမြဲတပ်ထားရန် မလိုတော့ဟု CDC က ထုတ်ပြန်ခဲ့သည်။

Medical workers wearing red ribbons pose during a protest against the coup that ousted elected leader Aung San Suu Kyi, in Yangon General Hospital in Yangon, Myanmar, Feb 3, 2021. (File photo: REUTERS/Stringer)

အိမ်ဖြူတော်ကလည်း အဆိုပါ ကြေညာချက်အပေါ် “သတင်းကြီး”ဟု တွစ်တာတွင် ရေးခဲ့ပြီး “မိမိတို့ ဒီအထိအောင် ရောက်ခဲ့ပြီ။ ကာကွယ်ဆေးထိုးတာဖြစ်ဖြစ် နှာခေါင်းစည်းတပ်တာဖြစ်ဖြစ် မိမိတို့ကိစ္စ ပြီးသည်အထိ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြပါ” ဟုလည်း ရေးခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒု သမ္မတ ခါမလာဟဲရစ်တို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် နှာခေါင်းစည်း မတပ်ခဲ့ပေ။

သို့ရာတွင် CDC က လူကြပ်သော နေရာများ ဖြစ်သည့် ဘတ်စ်ကား၊ ရထား၊ လေယာဉ်နှင့် အများပြည်သူ ခရီးသွား သယ်ယူပို့ဆောင်ရေး စနစ်များတွင်မူ နှာခေါင်းစည်း ဆက်တပ်ထားရန် တိုက်တွန်းသည်။

ခရီးသည်များအနေဖြင့် ကာကွယ်ဆေး မဖြစ်မနေထိုးရန် ပြဌာန်းချက် မရှိသလို ဘိုင်ဒင်အစိုးရက ကိုဗစ်ကာကွယ်ဆေး ပတ်စ်ပို့ ထုတ်ပေးရန် အယူအဆကိုလည်း သဘောမတူပေ။

ယခု CDC ၏ ကြေညာချက်သည် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ ရောဂါကူးစက်မှုနှုန်း အနိမ့်ဆုံး ကျဆင်းသွားချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဇန်နဝါရီလတွင် နေ့စဉ် ရောဂါပိုးကူးစက်သူ ၂ သိန်းခွဲထိ ရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့်အပတ်အတွင်း နေ့စဉ် ပျမ်းမျှ ရောဂါပိုးကူးစက်သူ ၄ သောင်းမျှသာ ရှိတော့ပြီး ယင်းသည် လွန်ခဲ့သည့် ၂ ပတ်ကထက် ၂၁ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်သူ လူဦးရေ စုစုပေါင်း၏ ၄၆ ရာခိုင်နှုန်း ဖြစ်သော လူ ၁၅၄ သန်းသည် ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးဖြစ်ကာ လူ ၁၁၇ သန်းမှာ ကာကွယ်ဆေး အပြည့် ထိုးပြီးပြီဖြစ်သည်။

ကိုးကား။ ။ Reuters, DW

416  Views
Previous: ဖမ်းထားတဲ့ ဂျပန်သတင်းထောက်ကို စစ်ကောင်စီ ပြန်လွှတ်ပေးမည်
Next: မြန်မာအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုး WFP ကတဆင့် ဂျပန်ပေးအပ်