အိန္ဒိယနိုင်ငံ ၂၄ နာရီအတွင်း လူ ၄ သိန်းကျော် ကိုဗစ်ပိုးကူးစက်

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄၀၁,၀၀၀ ထပ်တိုးခဲ့ပြီး သေဆုံးသူက ၄,၂၀၀ နီးပါး ထပ်တိုးခဲ့တယ်လို့ အိန္ဒိယ ကျန်းမာရေးဌာနက ဒီကနေ့ပြောပါတယ်။

အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ အရေအတွက်ဟာ ဒီ့ထက် ပိုများနိုင်ခြေရှိပြီး အမြင့်ဆုံး ကူးစက်တဲ့ ပမာဏကို မေလကုန်တဲ့အထိ ရောက်ဦးမှာ မဟုတ်သေးဘူးလို့ လူထုကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။

အိန္ဒိယတနိုင်ငံလုံးကို lockdown လုပ်ဖို့၊ ကာကွယ်ဆေးထိုးလုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်ဖို့နဲ့ ဗိုင်းရပ်စ်နဲ့ မျိုးဗီဇပြောင်းလဲမှုတွေကို ခြေရာခံဖို့ အိန္ဒိယ အဓိက အတိုက်အခံခေါင်းဆောင် Rahul Gandhi က ဝန်ကြီးချုပ် Narendra Modi ဆီ သောကြာနေ့က ပေးပို့တဲ့ စာထဲမှာ တိုက်တွန်းထားပါတယ်။

“ ကျနော်တို့နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်မရအောင် ပျံ့နှံ့စေတာဟာ ကျနော်တို့လူထုအတွက်သာမက ကျန်တဲ့ ကမ္ဘာကြီးအတွက်ပါ သိပ်ကို ထိခိုက်စေပါလိမ့်မယ်” လို့ Rahul Gandhi က ပြောပါတယ်။

603  Views
Previous: အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် မြန်မာပြည်ခရီး စီစဉ်နေ
Next: မြန်မာနိုင်ငံမှာပုဂ္ဂလိက ဘဏ်တွေ ဆက်ပြီး ရပ်တည်နိုင်ပါ့ဦးမလား