ဖယ်ခုံကက်သလစ်ကာသီဒြယ် ဘုရားကျောင်းအပါအဝင် အခြားသော ဘုရားရှစ်ခိုးကျောင်းများ၊ ဘာသာရေး ဆိုင်ရာအဆောက်အဦများကို ထပ်မံ ပစ်ခတ်ဖျက်ဆီးခြင်း မပြုရန် ဖယ်ခုံကက်သလစ်ဆရာတော်ကြီးပီတာလတ်က စစ်ကောင်စီအား မေတ္တာရပ်ခံခြင်း

ဖယ်ခုံကက်သလစ်ကာသီဒြယ် ဘုရားကျောင်းအပါအဝင် အခြားသော ဘုရားရှစ်ခိုးကျောင်းများ၊ ဘာသာရေး ဆိုင်ရာအဆောက်အဦများကို ထပ်မံ ပစ်ခတ်ဖျက်ဆီးခြင်း မပြုရန် ဖယ်ခုံကက်သလစ်ဆရာတော်ကြီးပီတာလတ်က စစ်ကောင်စီအား မေတ္တာရပ်ခံခြင်းစာကို နိုဝင်ဘာလ (၁၈) ရက်နေ့က ဖယ်ခုံမြို့၊ အခြေစိုက် အမှတ်(၇)၊ စစ်ရေးရာကွပ်ကဲဌာနချုပ်၊ ပထမတန်း စစ်ဦးစီး၊ ဗိုလ်မှူးကြီးနေထိုက်အောင်ထံသို့ ပေးပို့လိုက်သည်ဟု သတင်းရရှိပါသည်။

၎င်းစာထဲတွင် ဆရာတော်ကြီးက၊ နိုင်ငံရေးအခြေအနေကြောင့်ဖယ်ခုံသာသနာ၏ကာသီဒြယ်ဘုရားရှိခိုးကျောင်းတော်ကြီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးသည်မှာ သုံးကြိမ်တိုင်တိုင်ရှိပြီဖြစ်ပါသည်။ ကာသီဒြယ်ဘုရားကျောင်းတော်ကြီးကို ပစ်ခတ်ဖျက်ဆီးခြင်းသည် သာသနာအတွင်းရှိကက်သလစ်ခရစ်ယာန်ဘာသာဝင် တစ်ဦးစီ၏နှလုံးသားကို ဖျက်ဆီးရာရောက်သည်။ ထိုသို့ ပစ်ခတ်ဖျက်ဆီးခြင်းခံရသောကြောင့် ကက်သလစ်ခရစ်ယာန်ဘာသာဝင်အားလုံးသည် ဝမ်းနည်းနာကျင်စွာ ခံစားနေကြရပါသည်။ ကမာတည်သရွေ့ ဖယ်ခုံဂိုဏ်းအုပ်သာသနာသည် ဆက်လက်တည်ရှီနေမည်ဖြစ်သည်။ ကာသီဒြယ် ဘုရားရှိခိုးကျောင်းတော်ကြီးကို ထပ်မံပစ်ခတ်ဖျက်ဆီးပါက ဖယ်ခုံသာသနာနှင့်စစ်ရေးရာကွပ်ကဲဌာနချုပ် အမှတ် (၇) တို့အကြား လူမှုရေးရာ နာကြည်းမှု၊ လူမှုရေးရာရန်ငြိုးရန်စမှုများ တစ်သက်လုံးဆက်လက်ကျန်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ရှေ့တွင် ဖယ်ခုံကက်သလစ်ကာသီဒြယ် ဘုရားကျောင်းအပါအဝင် အခြားသော ဘုရားရှစ်ခိုးကျောင်းများ၊ ဘာသာရေး ဆိုင်ရာအဆောက်အဦများကို ထပ်မံ ပစ်ခတ်ဖျက်ဆီးခြင်း မပြုလုပ်တော့ပါရန် အထူးမေတာရပ်ခံအပ်ပါသည်ဟု ရေးသားဖော်ပြထားပါသည်။

637  Views
Previous: ဆယ်လအတွင်း လက်နက်ပေါင်း ၆၀၀၀ ကျော် သိမ်းဆည်းရမိကြောင်း စစ်ကောင်စီပြော
Next: ကိုဗစ်မျိုးကွဲသစ် အိုမေခရွန်ဟာ ပိုပြီးကူးစက်မှုမြန်တဲ့အန္တရာယ်ရှိနေတယ်လို့ WHO ပြောလာ