မည်သည့်ကြားဝင်ဆွေးနွေးပေးမှုကိုမျှ လက်မခံဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာ

ဆလိုင်းကုန်ဇမှုန်း

ယနေ့မတ်လ (၁၁) ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက၊ တပ်မတော်နဲ့အဲန်အဲလ်ဒီပါတီအကြားတွင် မည်သည့်ကြားဝင်ပေးမှုကိုမျှ မလိုအပ်တော့ပါဟု သတင်းထောက်တစ်ဦး၏အမေးကို ဖြေကြားလိုက်သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက၊ ဒီမိုကရေစီယဉ်ကျေးမှုအရ၊ မဲအရေအတွက် ကွာခြားမှုနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းလမ်းစဉ်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ခါနီးအထိ အဲန်အဲလ်ဒီအစိုးကို အဆိုပြုကမ်းလှမ်းခဲ့ပေမယ့် သူတို့က လက်မခံခဲ့တာကြောင့် ဒီအချိန်မှာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ မိမိချမှတ်ထားတဲ့မူဝါဒ (၉) ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဖြေကြားလိုက်ပါတယ်။

584  Views
Previous: AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်မှရုပ်သိမ်းကြောင်း စစ်ကောင်စီအဖွဲ့ကြေညာ
Next: ကာဒီနယ်ချားလ်စ်ဘိုက ၎င်း၏ အမည်ဖြင့် အမည်မသိသူ တစ်ဉီးဉီးမှ ဖွင့်ထားသော Twitter တွီတာအကောင့်ကို တွီတာကုမ္မဏီအား ဖျက်သိမ်းခိုင်းလိုက်ပြီ