လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်သောနံ့သာမြိုင်ကျေးရွာမှ အနာကြီးရောဂါသည်များဆီသို့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာက သွားရောက်လှူဒါန်းခြင်း

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ ရည်မှန်းချက်နှင့် သိန္နိဌာန် ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် အလိုအပ်ဆုံးသူများကို အထူးပြုကာ လူတိုင်းဘဝကိုမြှင့်တင်ပေးနိုင်ရန်ဆိုသည့်အတိုင်း ကိုဗစ်(၁၉) ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေသော ရေနံသာမြို့နယ် ၊ နံ့သာမြိုင်ကျေးရွာရှိ ကိုယ်လက်အင်္ဂါ မသန်စွမ်း အနာကြီးရောဂါသည် မိသားစု (၂၀၀) ဦး ၊ ရေနံသာ အနာကြီး ရောဂါကုသရေး ဆေးရုံမှ ရောဂါသည် (၂၀) ဦးတို့ အား၊ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ ကော်ဖီ ၊ သွားတိုက်ဆေး၊ ဆပ်ပြာ နှင့် အသီးအနှံ့အချို့ တို့ကို ၊ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ Social Development Sector မှ တာဝန်ခံဘုန်းတော်ကြီး Rev. Fr. Augustine Win Myint နှင့် အလှူရှင်အချို့တို့ က အောက်တိုဘာလ (၇) ရက်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြပါသည်။
အလှူကို လက်ခံရရှိသောသူများကလည်း ” ယခုလို ခေတ်ကာလအချိန်အခါတွင် လာရောက်လှူဒါန်းပေးသည့် အလှူရှင်များအား အတိုင်းမသိကျေးဇူးတင်ကြောင်း၊ ၎င်းတို့ဘဝအခြေအနေရ လမ်းပေါ်ထွက်၍ တောင်းရမ်းမှသာ စားရေးသောက်ရေး အဆင်ပြေကြောင်း သို့သော်လည်း ယခုကာလသည် ကူးစက်ရောဂါပျံ့ပွားနေချိန် ဖြစ်သည့်အတွက် တောင်းရမ်းစားသောက်ရသည်မှာလည်း ခက်ခဲသဖြင့် ယခုကဲ့သို့ လာရောက်လှူဒါန်းကြသည့်အခါ ၎င်းတို့အနေဖြင့် အလွန်ပျော်ရွှင်မိကြောင်း ပြောပြ၍ အလှူရှင်များအား ဆုတောင်းမေတ္တာများ ပို့သခဲ့ကြပါသည်။
Photos News – Pinky
Source: RVA Myanmar
408  Views
Previous: ကျပ်ငွေလဲနှုန်း ထိန်းလာနိုင်ပြီလို့ ဗဟိုဘဏ်ပြောဆို
Next: Sean Turnell ကို အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ရုံးထုတ်ချိန် စကားပြန်ထားရှိခွင့် ပြုမည်မဟုတ်