ဗာတီကန်အတွင်းရှိ အဏုမြူလက်နက်သည် အတင်းအဖျင်းပြောဆိုသော လက်နက်သာဖြစ်ကြောင်း ရဟန်းမင်းကြီး မိန့်ကြားတော်မူ
ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဗာတီကန်နိုင်ငံ၏ အကြီးမားဆုံးသောခြိမ်းခြောက်မှုသည် အပြင်မှ ရောက်လာမည့်ဗုံး သို့မဟုတ် ကျည်ဆန် မဟုတ်ဘဲ ဗာတီကန်ရုံးတော်ထဲတွင် အလုပ်လုပ်နေကြ သူများထဲက မကျေနပ်သူများနှင့်သူများအကြောင်းကို အတင်းအဖျင်း ပြောဆိုသူများသာ ဖြစ်သည်ဟု ဗာတီကန်လုံခြုံရေးအဖွဲ့အား စက်တင်ဘာလ ၃၀ ရက်နေ့က မိန့်ကြားတော်မူလိုက်သည်။ ရဟန်းမင်းကြီး က ““ဗာတီကန်ထဲမှာ ဗုံးတွေအများကြီးပဲ၊ အနရာယ်များတဲ့ဗုံးတွေ အများကြီး ရှိနေတယ်။ ခင်ဗျား တို့ သေချာဂရုစိုက်စောင့်ကြည်နေ၊ ဘာဖြစ်လို့ လဲဆိုတော့ အမှောင်ထုထဲမှာပဲ ဆိုးယုတ်တဲ့ရန်သူတွေ ဟာ ပေါင်းပင်တွေကို စိုက်ပျိုးနေကြတယ်”” ဟု မိန့်ကြားတော်မူလိုက်သည်။ ဆက်လက်ပြီး ရဟန်း မင်းကြီးက ““ကိုယ်စောင့်သိကြားတွေဟာ မိမိတို့ကို ကာကွယ်ဖို့ ဖြစ်ကြောင်း၊ အဲဒီလိုပဲ လုံခြုံရေးသ မားတွေဟာ မိမိတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် ကက်သလစ်သာသနာတော်နဲ့ ရဟန်းမင်းကြီးကို ကာကွယ်ဖို့ ဖြစ်ကြောင်း”” ဖြစ် မီးမောင်းထိုးပြတော်မူလိုက်သည်။
ဗာတီကန်နိုင်ငံထဲတွင် ရဟန်းမင်းကြီးနှင့် ဗာတီကန်နိုင်ငံ၏လုံခြုံရေးကို တာဝန်ယူထားသော ှတငျျ ွကမေိ ဟု လူသိများသည့် လုံခြုံရေးအဖွဲ့နှင့် ဗာတီကန်ရဲဟု လူသိများသော ါနညိမောန ခသမဈ ဝန်ထမ်း၏ ဦးရေသည် ၁၃၀ မျှသာ ရှိသည်။ ရဟန်းမင်းကြီးက ကိုယ်စောင့်သိကြားကဲ့သို့ပင် ဗာတီကန်နိုင်ငံ၏ လုံခြုံရေးအဖွဲ့များသည် ဗာတီကန်ဝင်းအတွင်းရှိ မကောင်းဆိုးဝါးများကို မောင်းထုတ်ရဲသော သတိ များ မွေးထားကြရမည်ဖြစ်ကြောင်း၊ ဗာတီကန်ဝင်းအတွင်းရှိ သက်ဆိုင်ရာ ရုံးများတွင် သူများအတင်း အဖျင်းကို ပြောဆိုကြသော ကာဒီနယ်ဆရာတော်များ၊ ဆရာတော်များ၊ ရဟန်းတော်များ နှင့် ဝန်ထမ်းများ ကို ဆွဲထုတ်ပြီး သတိပေးကြရန် လုံခြုံရေးဝန်ထမ်းများအား ညွန်ကြားချက်တစ်ခုကို ထုတ်ပြန်ပေးလိုက် သည်။
ရဟန်းမင်းကြီးက ““လုံခြုံရေးဝန်ထမ်းတွေက အဝင်ပေါက်တွေကို သေချာစစ်ဆေးနေတော့ ဘယ်သူမျှ ဗာတီကန်ဝင်းထဲကို ဗုံးတွေ ယူလာမှာ မဟုတ်ဘူး။ ဒါပေမယ့် ဗာတီကန်ဝင်းထဲမှာ ဗုံးတွေ လက်နက်တွေ ထဲပိုပြီးတော့ ပေါက်ကွဲအားကြီးတဲ့ အန္တရာယ်ကတော့ သူများအကြောင်းကို အတင်းအဖျင်းပြောခြင်း ပဲ ဖြစ်ပါတယ်။ အတင်းအဖျင်းပြောဆိုခြင်းက ကက်သလစ်သာသနာတစ်ခုလုံးနဲ့ဗာတီကန်နိုင်ငံ ရဲ့ နေ့စဉ်လုပ်ငန်းများကို ခြိမ်းခြောက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတင်းအဖျင်း ပြောခြင်းဟာ စိတ်ဝမ်းကွဲခြင်းနဲ့ဖျက်ဆီးခြင်းမျိုးစေ့ကို ချပေးထားလို့ပါပဲ။ ဗာတီကန်ဝင်းထဲမှာ စိတ်ကောင်းနှလုံးကောင်း ရှိကြတဲ့ သူတော်စင်တွေနဲ့ သာမန်လူတွေ တာဝန်ထမ်းဆောင်နေ ကြပေမယ့် ဒီစိတ်ကောင်းနှ လုံးကောင်းရှိတဲ့သူတွေကို အသုံးချပြီးတော့ မကောင်းတဲ့မျိုးစေ့ တွေကို နတ်ဆိုးက မျိုးကြဲနေပါတယ်”” ဟု မီးမောင်းထိုးပြတော်မူလိုက်သည်။
ရဟန်းမင်းကြီးက ““ကျွန်တော်လည်း အတင်းအဖျင်းပြောခြင်းကနေ မလွတ်ကင်းပါဘူး။ ဒါလည်းပဲ ကျွန်တော့်အတွက် အန္တရာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးက အဲဒါကို အရသာတွေ့စေလို့ပါ ပဲ။ ဒါကြောင့်မို့ လုံခြုံရေးတာဝန် ရှိသူတွေအနေနဲ့ အတင်းအဖျင်းပြောတဲ့သူ ကို ဗာတီကန်ဝင်းထဲမှာ ကြားရင် “ဟေ့ ရဟန်းမင်းကြီး၊ ဆရာတော်ဘုရား၊ ဘုန်းဘုန်း၊ စစ္စတာရ်၊ မိတ်ဆွေ၊ အဒေါ်၊ ဦးလေး” စသဖြင့် ခေါ်ပြီး ဗာတီကန်ဝင်းထဲမှာ သူများအကြောင်း အတင်းအဖျင်း ပြောခွင့်မရှိဘူး၊ ကိုယ့်မှာ ပြဿနာရှိရင် သက်ဆိုင်တဲ့သူနဲ့ တိုက်ရိုက်ပြောဆိုပါ”” ဟူ၍ လိုက်လံပိတ်ပင်ရန် ဗာတီကန်လုံခြုံရေး တာဝန်ရှိသူများကို မိန့်ကြားတော်မူလိုက်သည်။ ၀၀၃
1657 Views