ချုံကြားမှ ဘုံဖျားသို့ ရောက်လာကြသော တက်္ကသိုလ်ကျောင်းသူ/သားများ၏ အမျိုးသားပညာရေးဥပဒေတိုက်ပွဲ

အယ်ဒီတာ့အာဘော်
017-b

ကျွန်ုပ်၏ညီတော်နှမတော်တက်္ကသိုလ်ကျောင်းသူ/သားများ၊

ကိုယ်စိတ်နှလုံးသုံးပါးစလုံး အားလုံး ကျန်းမာကြပါစေလို့ ဦးစွာလက်ကမ်းနှုတ် ဆက်ပါတယ်။ ပြဌာန်းလိုက်ပြီးဖြစ် သောအမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရန် တိုက်ပွဲဝင်နေကြသော ခင်ဗျားတို့ကို ကျွန်ုပ်လေးစား ဂုဏ်ယူလို့ မဆုံးပါ။ လူတချို့လည်း ခင်ဗျားတို့ကို မိမိတို့၏ရင်ထဲတွင် တိုးတိတ်စွာ ဂုဏ်ယူ အလေးပြုနေကြပေမည်။ အကြောင်းရင်းကား နိမ့်ကျပြီး ယုတ်မာလှသော စစ်အုပ်ချုပ်ရေးကာလအတွင်း မဲဇာတောင်ခြေဟု ဆိုရသည့် တောကျိုတောင် ကြားထဲတွင် ဖွင့်လှစ်ထားသော တက်္ကသိုလ်များတွင် အဆင်မပြေမှုများစွာဖြင့် ပညာနို့ရည်ကို ကျွန်ုပ်တို့လူငယ်အားလုံး မဝတ၀ သောက်သုံးခဲ့ကြရသည်။ တက်္ကသိုလ် များသည် မြို့ပြင်နှင့်ဝေးကွာလွန်းသောကြောင့် ပညာနို့ရည် အထွက်နည်းသည့်အခါတွင်မူ ကျောင်းဝင်းထဲရှိအုန်းရည်ထန်းရည် တွေကိုလည်း ဖြည့်စွက်သောက်သုံးခဲ့ရသည်လည်း ရှိပါသည်။

မြောက်ဒဂုံတက်္ကသိုလ်တွင် တက်္ကသိုလ်ဆရာမတစ်ဦးသည် အိမ်သာထဲတွင်ပင် မုဒိမ်းအကျင့်ခံရသည်။ ကလေးမြို့၏မိုင် နှစ်ဆယ်ဝန်း ကျင်လောက်တွင် တည်ဆောက်ထားသော ကလေးမြို့နည်းပညာတက်္ကသိုလ်က ရဲဘော်ရဲ ဖက်ကျောင်းသူ/သားတချို့သည် လည်း ချုံနွယ်ထဲတွင် ဘိန်းရှုရင်း ဘိန်းစားဖြစ်ခဲ့ ကြသည်။ တက်္ကသိုလ်က ဆရာများသည်လည်း ကျောင်းအဝင်ပေါက်ကို ထိုင်စောင့် သောဂိတ်စောင့်သမားဘဝတို့ ရောက်ရှိနေကြသည်။ထိုကဲ့သို့သော ကျောင်း ဆရာများကို ကျောင်းတံခါးပေါက်အစောင့် တာဝန် များပေးနေခြင်းသည် တက်္ကသိုလ်တွင် အမျိုးသားများ ကျောင်းဆရာမလုပ်ချင်ရန် တမင်ရည်ရွယ်ပြီး ထိုးနှက်ခြင်း ဖြစ်ပေသည်။ ဝေးလံခေါင်သီသော တက်္ကသိုလ်များတွင် စာသင်ပေးနေကြရသော တက်္ကသိုလ်ဆရာ/မများ၏ ဘဝသည်လည်း တက်္ကသိုလ် ဆရာ/မဟူသော ဂုဏ်မှတစ်ပါး၊ မြို့ပေါ်က မူလတန်း ဆရာ/မများလောက်ပင် သိက်္ခာမရှိကြသည်အထိ ဖြစ်နေကြရသည်။ အစိုးရ သည် ဦးနေဝင်းလက်ထက်က သုံးစွဲခဲ့ရသော ဘီအမ်ကားများကို တက်္ကသိုလ် ဆရာ/မများ စီးရန် စီစဉ်ပေးပြီး ၎င်းကားများကို မြို့ထဲမှမြို့ပြင်သို့ တစ် နာရီကျော်စီးရင်း တက်္ကသိုလ်ဆရာ/မများသည် မြို့ပြင်ရှိတက်္ကသိုလ်စာသင်ခန်း များထဲ အရောက်တွင်မူ ဆရာ/မများ ပင်ပန်းလွန်းလို့ ခြေကုန်လက်ပန်းကျ ကြလေတော့သည်။ လွန်ခဲ့သော ၁၉၉၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၂၄ နှစ်ကို ပြန်ကြည့်လျှင်ကျွန်တော်တို့တက်္ကသိုလ်ကျောင်းသူ/သားများ နှင့်တက်္ကသိုလ်ဆရာ/မများအားလုံးသည် စိတ်ဓါတ်ချိုတဲ့စွာ ဖြင့် ပညာနို့ရည်ကို သင်ယူခဲ့ကြရသည်။ အဘယ်ကြောင့် နည်း။ ကျွန်တော်တို့အားလုံးသည် မြန်မာနိုင်ငံကို ချစ်ကြသောကြောင့် ဖြစ်ပေ သည်။

ယခုကဲ့သို့သော ချိုတဲ့သည့်စိတ်ဓါတ်နှင့် နိမ့်ကျသည့်ပညာရေးစနစ်အောက် တွင် ရှင်သန်နေကြရသော ကျောင်းသားသမဂအဖွဲ့ တို့က အသက်ဝင်နေ ပြီဖြစ်သော အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်ရန်တောင်းဆိုလာခြင်းသည် တက်္ကသိုလ်ကျောင်းသူ/သားများ၏အနာဂါတ်ကိုကြိုတင်မျှော်တွေးနိုင်သော ဉဏ်ပညာကို ပိုင်ဆိုင်ကြသောကြောင့် ဖြစ်ကြပေသည်။ တက်္ကသိုလ်ကျောင်း သူ/သား များမှ ဦးဆောင်ပြီး လေးပွင့်ဆိုင်ဆွေးနွေးကာ ပြင်ဆင်ထားသောအမျိုးသားပညာရေးဥပဒေကြမ်းသည် အသက်ဝင်နေ သောအမျိုးသားပညာရေးဥပဒေထက်အဆပေါင်းတစ်သိန်းမက ကောင်းမွန်ပြီး နောင်လာမျိုးဆက်သစ် ညီငယ်နှမငယ် သားစဉ်မြေး ဆက်များအတွက်လည်း လွန်စွာပင် အကျိုးရှိသည် ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာများထဲက မြန်မာနိုင်ငံ၏ပညာရေးလောကကို တခေတ်ဆန်းအောင် လုပ်ကိုင်ခဲ့ဖူးသော ကက်သလစ်ခရစ်ယာန်သာသ နာတော်သည် အသက်ဝင်နေသောအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် စတင်လှုပ်ရှားနေသော ကျောင်းသားသမဂအဖွဲ့များကို ကျေးဇူးတင်သင့်ပေသည်။ အကြောင်းရင်းကား အသက်ဝင်နေသောအမျိုးသားပညာရေးဥပဒေတွင် မူ ဗုဒ်္ဓဘာသာမှဖွင့်လှစ်သော စာသင်ကျောင်းများကိုသာ အသိအမှတ်ပြုထားရာမှ ယခုပြန်လည်ပြင်ဆင်နေသော အမျိုးသားပညာရေးဥပဒေကြမ်းတွင်မူ တခြား ဘာသာမှဖွင့်လှစ်သော ကျောင်းများကိုပါ အသိအမှတ်ပြုလာရန်နှင့် အစိုးရက တခြားဘာသာမှ ဖွင့်လှစ်သော စာသင်ကျောင်းများကို ထောက်ပံ့ကူညီရန် ဟူသော ဥပဒေပုဒ်မများ ပါလာသည်ကို တွေ့ရှိရသောကြောင့် ဖြစ်ပေသည်။ ရဟန်းအမတ်ဆရာတော်ကြီးချားလ်စ်ဘိုက မြန်မာနိုင်ငံ၏ပညာရေးကိုတိုးတက်စေချင်လျှင် ပြည်သူပိုင်သိမ်းထားသော ကက်သလစ်သာသနာတော်၏ စာသင်ကျောင်းများကို ပြန်ပေးရန် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က မိန့်ကြားခဲ့ဖူးသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူပိုင်သိမ်းထားသော ခရစ်ယာန်စာသင်ကျောင်းများကို သက် ဆိုင်ရာဘာသာ များသို့ ပြန်ပေးရန် မဖြစ်နိုင်ခဲ့ရင်တောင် ကက်သလစ်ခရစ် ယာန်သာသနာတော်အနေဖြင့် မြန်မာ့ပညာရေးကို ၂၁ ရာစုတွင် တိုး တက်အောင် လုပ်ကိုင်နိုင်ရန် တက်္ကသိုလ်ကျောင်းသူ/သားများက ပိုမိုကောင်း မွန်သောအမျိုးသားပညာရေးဥပဒေကြမ်းကိုအစိုးရနှင့်လွှတ်တော်သို့တင်သွင်းနေပြီ ဖြစ်ပေသည်။

ပိုမိုကောင်းမွန်သောအမျိုးသားပညာရေးအတွက် တိုက်ပွဲဝင်နေကြသော တက်္က သိုလ်ကျောင်းသူ/သားများ၏ တောင်းဆိုချက်ကို မြန်မြန်အကောင်အထည်ဖော်ရန် လွှတ်တော်အမတ်များအား တိုက်တွန်းအပ်ပါသည်။ အယ်ဒီတာချုပ်

1557  Views
Previous: ဘုန်းတော်ကြီး မောရစ်(စ်)ညွန့်ဝေနှင့်ဘုန်းတော်ကြီးမာရ်ကူးတင်ဝင်းတို့အား မြန်မာနိုင်ငံဓမ္မပညာရှင်များအဖြစ် စီဘီစီအမ်က သတ်မှတ်တော်မူ
Next: ““ကဲ တွေ့ပြီလာ၊ မူးမြစ်မှာ တကယ် မင်းထွန်းပြီဗျို့”” မြန်မာနိုင်ငံ၏ပထမဆုံးသော ရဟန်းမင်းအမတ် ကာဒီနယ်လ်ဆရာတော်ကြီးချားလ်စ်ဘို