ကာဒီနယ်များသည် ဆရာတော်များထက် ပိုပြီးအာဏာမရှိပါ။

ကက်သလစ်အသင်းတော်၏တရားဝင်ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှုပုံစံကို ကြည့်ရပါက၊ အမြင့်ဆုံးသည် ရဟန်းမင်း ကြီး၊ ဒုတိယအမြင့်ဆုံးသည် ရဟန်းမင်းအမတ်များ (ကာဒီနယ်လ်များ)၊ တတိယ အမြင့်ဆုံးသည် ဂိုဏ်းချုပ်ဆရာတော်များ၊ စတုထအမြင့်ဆုံးသည် ဂိုဏ်းအုပ်ဆရာတော်များ၊ ပဥမအမြင့် ဆုံးသည် ကျောင်းထိုင်ဘုန်းတော် ကြီးများ၊ ဆဌမအမြင့်ဆုံး သည် လက်ထောက်ဘုန်းတော်ကြီးများ၊ သတ်္တမအမြင့်ဆုံးသည် သာမန်ကက်သလစ်ဘာသာဝင်များ (သာမန်ဘာသာ ဝင်များ၊ သူတော်စင်များ၊ ဓမ်္မဆရာများ) ဟု ခွဲခြားသတ်မှတ်ထားသည်။
၎င်းအဆင့်ဆင့်အုပ်ချုပ်မှုထဲတွင် ရဟန်းမင်းအမတ် သို့မဟုတ် ကာဒီနယ်ဟု အသုံးအနှုန်းတစ်ခုရှိပါသည်။ ၎င်းအသုံးအနှုန်းသည် ဂုဏ်ဆောင်ဘွဲ့တစ်ခုဟု ဆိုရပေမည်။ ကက်သလစ် အသင်းတော်၏ ၁၉၈၃ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (ကာနွန်ဥပဒေ ဟုလူသိများ) ပုဒ်မ- ၃၅၁၊ အပိုဒ်ငယ် (၁) ၌၊ ရဟန်းမင်းကြီးသည် သဒ်္ဒါကြည်ညို  ခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်၌ အမြော်အမြင်ရှိခြင်း၊ သွန်သင်ချက်၌ကျွမ်းကျင်ခြင်း၊ ကိုယ်ကျင့်တရား၌ ကျွမ်းကျင်ခြင်းသော အမျိုးသားများကို ကာဒီနယ်များအဖြစ် လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပြီး၊ ၎င်းအမျိုးသားများသည် ဆရာတော် မဖြစ်သေး သူများ ဖြစ်လျှင်မူ၊ ဆရာတော်သိက်္ခာကို ပေးရမည်ဟု ပြဌာန်းထားသည်။
ကာဒီနယ်များသည် ဗာတီကန်နိုင်ငံထဲတွင် တာဝန်ထမ်းဆောင်ကြသော ဝန်ကြီးကာဒီနယ်များ၊ နိုင်ငံတိုင်းတွင် ဂိုဏ်းချုပ်ဂိုဏ်းအုပ်သာသနာကို အုပ်ချုပ်နေကြသော ဆရာတော်များ၊ ရဟန်းမင်းကြီး မစားဟော ရာတွင် တရားထောက် ကြရသော ကာဒီနယ်များ ဟူ၍ (၃) မျိုးခွဲခြား ထားသည်။ ဗာတီကန် နိုင်ငံထဲတွင် တာဝန် ထမ်းဆောင်  ကြသော ဝန်ကြီးကာဒီ နယ်များသည် တကမ်္ဘာ လုံးရှိဆရာတော်ကြီးများ အပေါ်တွင် အုပ်ချုပ်မှု တာဝန်အရ သြဇာ ရှိကြသည်။ သို့သော် ဂိုဏ်းချုပ်ဂိုဏ်းအုပ်သာသနာကို အုပ်ချုပ်နေကြသောကာဒီနယ်များနှင့်ရဟန်းမင်းကြီးမစားဟောရာတွင် တရားထောက် ကြရသောကာဒီနယ်များကမူ ဂိုဏ်းချုပ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်များအပေါ်တွင် ပိုပြီးသြဇာ မရှိကြသကဲ့သို့ အုပ်ချုပ်မှုအရလည်း ပိုပြီးအာဏာ မရှိကြပေ။
ဥပမာဆိုရသော် ၊ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး၊ ကာဒီနယ် ချားလ်စ်ဘိုသည် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ ထဲတွင် အာ ဏာအရှိဆုံး ပုဂိုလ်မဟုတ်သကဲ့သို့၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး များ၏ အကြီးအကဲလည်း မဟုတ်ပေ။ ထို့အပြင် ကာဒီနယ်ချားလ်စ်ဘိုသည် ကာနွန်ဥပဒေဘောင်ထဲတွင် တာဝန်ထမ်း ဆောင်နေကြသော မည်သည့်ဆရာတော်ကိုမျှ အမိန့်ပေးခြင်း၊ မည်သည့် ဆရာတော်ပိုင်သာသနာထဲကို ဝင်ရောက်စွက် ဖက်ပိုင်ခွင့် မရှိပေ။
ကာဒီနယ် များသည် တကမ်္ဘာလုံး၌ အာပတ်ဖြေ နားထောင်ခွင့်ရှိခြင်း၊ ရဟန်းမင်းကြီးမှ တောင်းခံလာသော အကူအညီ များကို လုပ်ဆောင်ပေးရခြင်း၊ ရဟန်း မင်းကြီးကို ရွေးချယ်ရာတွင် အရွေးချယ်ခံခွင့်နှင့်မဲပေးပိုင်ခွင့်ရှိခြင်း၊ ရဟန်းမင်းကြီးအား အကြံပေးခွင့်ရှိခြင်း၊ ရဟန်းမင်းကြီးအား တိုက်ရိုက်တွေ့ ဆုံခွင့်ရှိခြင်းတို့ကိုသာ လုပ်ပိုင်ခွင့်ရှိသည်ဟု လေ့လာတွေ့ရှိရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိကက်သလစ်ခရစ်ယာန်ဘာသာဝင်များ အနေဖြင့် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး၊ ကာဒီနယ်ချားလ်စ်ဘိုအား မိမိတို့ထင်သည့်အတိုင်း မြန်မာနိုင်ငံရှိ ကက်သလစ်သာသနာတော်ထဲတွင် အာဏာအရှိဆုံးပုဂိုလ် မဟုတ်သကဲ့သို့၊ သာသနာအသီးသီးတွင် ရှိနေကြသော ဆရာတော်ပိုင်သာသနာများ (မန်္တလေး၊ ပုသိမ်၊ ဖားအံ၊ မော်လမြိုင်၊ ပြည်၊ တောင်ငူ၊ လွိုင်ကော်၊ တောင်ကြီး၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ လားရှိုး၊ ဟားခါး၊ ဗန်းမော်၊ မြစ်ကြီးနား) ၏ ဆရာတော်များအပေါ်တွင် အလုံးစုံသြဇာအာဏာမရှိကြောင်း၊ သူသည် ရန်ကုန်ကက်သလစ်ဂိုဏ်း ချုပ်သာသနာတွင်သာ အလုံးစုံသြဇာအာဏာ ရှိကြောင်းဖြင့် ရှင်းပြပေးလိုက်ပါသည်။ အယ်ဒီတာချုပ်

903  Views
Previous: ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၁၇ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သော ပုဂ်္ဂိုလ်များရွေးချယ်ကြေညာခြင်း Persons of The Year 2017
Next: မြန်မာနိုင်ငံကက်သလစ်အသင်းတော်တွင်တစ်နိုင်ငံလုံးဆိုင်ရာလက်ထပ်ထိမ်းမြားခြင်းခုံရုံး National Marriage Tribunal ကို ဖွင့်လှစ်တော့မည်